‘ကင်ဆာ ခရီးသည်’

242

တစ်နှင့် တစ်ပေါင်း

နှစ်ရကြောင်းကို

ကောင်းစွာ ငါသိနားလည်၏။

တောမှာ ကျားရှိ

ရေငါးရှိကြောင်း

ကောင်းစွာ ငါသိနားလည်၏။

သို့သော် . .

ဘယ်နေ့ဘယ်ခါ၊ ဘယ်ရောဂါနှင့်

ဘယ်မှာအချိန်၊ ခန္ဓာငြိမ်ကျ

သင်္ခါရလေးပါး၊ ငါကား လုံးဝမသိပြီ။ ။

လွန်ခဲ့သည့်နှစ်ပေါင်း သုံးဆယ်ကျော်က သစ္စာရောင်ခြည်မဂ္ဂဇင်း တွင် သည်ကဗျာကို ရေးခဲ့မိ၏။ ရေးခဲ့ဖူးသည့် စာတွေ၊ ကဗျာတွေထဲ မှ ကျွန်တော့်အကြိုက် ကဗျာစုထဲတွင် ပါဝင်နေသည်ဖြစ်၍ ယနေ့တိုင် အမှတ်ရဆဲ၊ အလွတ်ရဆဲရှိသေး၏။

ခေတ်စနစ် ဘယ်လိုပင် ပြောင်းစေကာမူ သည်ကဗျာက ရိုးသွားလိမ့်မည်မဟုတ်ဟု ယုံကြည်ထားမိသည်။ မြတ် စွာဘုရား၏ နှုတ်မြွက်ဟောပြောချက်ကို ရိုးရှင်းသော အရေးအဖွဲ့ဖြင့် ပူဇော်ထားသောကြောင့်ဖြစ်၏။

အဓိပ္ပာယ်ကရှင်းသည်။ လူတိုင်း၊ လူတိုင်းမသိခြင်း တရားလေးပါးရှိ၏။ ဘယ်နေ့သေမလဲ၊ ဘယ်အခါသေ မလဲ၊ ဘာရောဂါနဲ့ သေမလဲ၊ ဘယ်နေရာမှာသေမလဲ၊ ဘယ်သူမှ ကြိုတင်တွက်ဆမသိနိုင်။

သေရမည်ကိုတော့ လူတိုင်းသိသည်။ စာရေး ဆရာ၊ ဒါရိုက်တာကြီး ဆရာကြီးဦးသုခကတော့ သေခြင်းတရားက ‘လက်တစ်ဖျစ်’တွင်ရှိသည်ဟု ဆို၏။ လက်တစ်ဖျစ်ဆိုသည်က လက်ညှိုးနှင့်လက်မ ပူးကပ်က လက်ဖျောက်တစ်ချက်တီးခြင်းကို ပြော ခြင်းပင်တည်း။ ဆိုရလျှင် သေခြင်းတရားက တစ် စက္ကန့် အစိတ်အပိုင်းမျှသာ ဖြစ်သည်။

မြန်ဆန်လွန်းလှသည့် သေခြင်းကို ရင်ဆိုင် နိုင်ဖို့လိုသည်။ ‘အသေမဦးမီ ဉာဏ်ဦးအောင်လုပ်ရမည်’ဟု ဆရာတော်ကြီးများက သတိပေးတိုက်တွန်းလေ့ရှိ၏။ သတိ ပေးရုံမျှမက ဉာဏ်ဦးအောင်ကျင့်ကြံအားထုတ်သည့် အလုပ်ပေး တရားများဖြင့် ဆုံးမသည်များလည်းရှိသည်။

မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားတွင် နုပျိုခြင်း၊ အိုမင်း ရင့်ရော်ခြင်း၊ နာကျင်ခြင်းများ မလွဲမသွေ ရင်ဆိုင်ကြရမည်သာ ဖြစ်သည်။ လူသာမဟုတ်။ သတ္တဝါတိုင်းအိုခြင်း၊ နာခြင်း၊ သေခြင်း ဘေးက ရှောင်လွဲမရနိုင်။ သတ္တဝါတိုင်း ရှောင်လွဲမရသည့် အိုခြင်း၊ နာ ခြင်း၊ သေခြင်းကို ကျွန်တော်ရင်ဆိုင်ရမည်သာဖြစ်၏။

ယခုပင်လျှင် တတိယအရွယ်နိဒါန်းမို့ အိုခြင်းက စလာခဲ့ချေပြီ။ တတိယအရွယ် အထိမ်းအမှတ် ဆံပင်တွေစဖြူလာ၏။ သွားတွေ တစ် ချောင်းစ၊ နှစ်ချောင်းစ ကျိုးပဲ့စပြုလာ၏။ အသားအရေလျော့ရဲရဲတွဲလာ သည်။ လမ်းကြမ်းကြမ်းလျှောက်မိလာလျှင် မောလာ၏။ နှလုံးခုန်နှုန်းတွေ မြန်လာ၏။ ခြေလက်တွေ ညောင်းညာကိုက်ခဲလာ၏။

တတိယအရွယ်နိဒါန်းက နာကျင်မှုအစုအဝေးကို လက်တွဲခေါ်လိုက် သည်။ ရိုးရိုးလေးခေါ်ခြင်းမဟုတ်။ ဝေဒနာရောဂါကို လက်ဆောင်ပေး၍ ခေါ်လိုက်ခြင်းဖြစ်သည်။ သူပေးလိုက်သည့်ရောဂါကို ဆရာဝန်က ကင် ဆာဟုအမည် သတ်မှတ်ပေးလိုက်သည်။ လည်ချောင်းမှာ ရပ်တည်နေ သည်မို့ လည်ချောင်းကင်ဆာဟု ဘွဲ့ထူးပေးလိုက်ပြန်သည်။

လည်ချောင်းကင်ဆာဟု အမည်တပ်ခံရကတည်းက ကျွန်တော့်စိတ် တွေ လေးလံလာခဲ့သည်။ လည်ချောင်းနာသဖြင့် အစားအစာမြို၍မရ။ စကားပြောလျှင် အသံက တစ်ခါတစ်ခါမပီသချင်။ နာကျင်မှုက ခံလိုက် ရသေးသည်။

တတ်သိသောဆရာဝန်အထူးကုများနှင့် ပြသ၏။ ဆရာဝန်ကြီးတွေ က လည်ချောင်းကအသားစယူစစ်ပြီး ဓာတ်ကင်ဖို့ ဆုံးဖြတ်သည်။ ပုဂ္ဂလိ ကဆေးရုံတွင် ဓာတ်ကင်လျှင် သိန်းငါးဆယ်၊ ခြောက်ဆယ်ခန့်ကုန်ကျ မည်ဆို၏။ အစိုးရဆေးရုံမှာဆိုလျှင် ကုန်ကျစရိတ်နည်းနိုင်သည်။ သိို့ သော် တန်းစီစောင့်ရမည််။ ရန်ကုန်ဆေးရုံကြီးဆိုလျှင် လေးလခန့်တန်းစီ စောင့်ဆိုင်းရမည်။ တောင်ကြီးစဝ်စံထွန်းဆိုလျှင် နှစ်လခန့်တန်းစီစောင့်ဆိုင်း ရမည်ဟုဆို၏။

ကျွန်တော့်အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာခဲ့သည်။ လက်ငင်း ချက်ချင်းဓာတ်ကင်ကုသနိုင်ဖို့ သိန်းငါးဆယ်၊ ခြောက်ဆယ်အကုန်ကျခံ မည်လား။ လေးလ၊ နှစ်လတန်းစီစောင့်ဆိုင်းမည်လား။

အဖြေကတော့ရှင်းသည်။ သိန်းငါးဆယ်၊ ခြောက်ဆယ်ကုန်ကျခံ နိုင်ဖို့ ကျွန်တော့်မှာအင်အားမရှိ။ ဒီတော့ ရွေးချယ်စရာတစ်လမ်းပဲရှိသည်။ လေးလ၊ သို့မဟုတ် နှစ်လစောင့်ဆိုင်းရန်သာရှိတော့၏။

ရန်ကုန်မှာဆိုလျှင် လေးလစောင့်ရမည်။ တောင်ကြီးစဝ်စံထွန်းမှာ ဆိုလျှင် နှစ်လစောင့်ရမည်။ တွယ်ငြိလာသောဝေဒနာကို မြန်မြန်ဆန် ဆန်ကုသပစ်ချင်သည်။ လေးလအထိမစောင့်ချင်တော့။ စဝ်စံထွန်းဆေး ရုံတွင် နှစ်လတန်းစီစောင့်ဆိုင်းကုသရန်သာ ဆုံးဖြတ်ခဲ့သည်။

ဆုံးဖြတ်ပြီးသည်နှင့် ညီမတွေက တောင်ကြီးမြို့တွင်ရှိသော သူငယ် ချင်းမိတ်ဆွေများနှင့် ဆက်သွယ်အကူအညီတောင်းပြီး ဆေးရုံတွင် ဆေး မှတ်တမ်း၊ စာရွက်စာတမ်း၊ အထောက်အထားများနှင့်အတူ မှတ်ပုံတင် စာရင်းသွားထားလိုက်သည်။ အလှည့်ကျလျှင် ခေါ်ယူမည်ဟု သိလိုက်ရ ၏။

သည်တော့ တောင်ကြီး၏ စဝ်စံထွန်းဆေးရုံတွင် ဓာတ်ကင်ကုသခံ ယူဖို့ နှစ်လခန့်စောင့်ရမည်။ နှစ်လအတွင်း ရောဂါဒဏ်ကို ဒီအတိုင်းခံနေ ရတော့မည်လား။ ဒီလိုထိုင်နေ၍ ရောဂါမတိုးပွားဟု အာမ မခံနိုင်။ သည် တော့ စောင့်ဆိုင်းရမည့် နှစ်လတာကာလအတွင်း ဗမာဆေးမြီးတိုတွေ၊ ဗမာတိုင်းရင်းဆေးဆရာတွေဖြင့် ပြသကုသရန် ရည်ရွယ်မိခဲ့ သည်။

လက်ရှိတွင်လည်း ဗမာဆေးများဖြင့် စတင်ကုသနေ သည်။ သန်လျင်က တိုင်းရင်းဆေးဆရာကြီး ဘဘဦးဝိဇေ္ဇာက စားသုံးရန် ဆေးများပေးထားသည်။ သည်ဆေးကို နေ့တိုင်းသောက်၏။

အချို့မိတ်ဆွေများက ဆေးမြီတိုများဖြင့် ညွန်၍အကြံပေး သည်။ ဆေးအိုးပုတ်ကို ပြုတ်သောက်လျှင် ကင်ဆာရောဂါပျောက် ကင်းနိုင်သည်ဟုဆို၏။ သည်တော့ ဆေးအိုးပုတ်ပင်ကို သုံးခွက် တစ်ခွက်တင် ကျို၍ နေ့စဉ်သောက်သည်။

သငေ်္ဘာရွက်ကိုထောင်း၍ သတ္တုရည်ကို သောက်လျှင် ကင်ဆာရောဂါပျောက်ကင်းနိုင်သည်ဟု ဆိုကြပြန်၏။ သည်တော့ သငေ်္ဘာရွက်ကို ထောင်း၍ အရည်ညှစ်ပြီး သောက်သည်။ ခါးတော့ခါး သည်။ ခါးပေမင့် ကျန်းမာရေးအတွက်ဆိုတော့ မတတ်နိုင်။ သောက်ခါစက နှာခေါင်းပိတ်ပြီး မြိုချခဲ့သည်။ နောက်ပိုင်းမှာ ဆေးယဉ်သွားသဖြင့် နှာခေါင်းပိတ်စရာမလိုဘဲ ပုံမှန်သောက် ဖြစ်ခ့ဲသည်။ ပြောရလျှင် သည်ရက်ထဲ ဘဘဦးဝိဇေ္ဇာဆေး၊ ဆေး အိုးပုတ်ပြုတ်ရည်၊ သငေ်္ဘာရွက်သတ္တုရည်ဖြင့် ချာချာလည် သောက်နေခဲ့ရ၏။

သပိတ်ကျင်းက တပည့်တစ်ယောက်က သမင်ချိုသွေး လိမ်းဖို့ဆိုပြီး လေးလက်မခန့်ရှိ သမင်ချိုတစ်ချောင်းကို ဝယ် ပို့ခဲ့၏။ ငါးသောင်းကျပ်ပေးရသည်ဟုဆို၏။ သမင်ချိုကို သွေးလိမ်းလျှင် ရောဂါသက်သာသည်ဟုဆို၏။ သည်တော့ လည်း သမင်ချိုကို ကျောက်ပျဉ်မှာသွေးပြီး လည်ပင်းကို မကြာခဏလိမ်းမိပြန်သည်။ သမင်ချိုက တော်တော်မာ သည်။ သမင်ချိုကို ကျွန်တော့်ထံအရောက် သယ်ဆောင် ပေးလာသူက ဒေါ်ယဉ်မေဦးဖြစ်၏။

သူမန္တလေးကအပြန် သယ်ဆောင်လာခြင်းဖြစ်သည်။ သမင် ချိုသာမဟုတ်။ မန္တလေးရန်ကင်းတောင်နားက ညောင်ကိုးပင် ဆရာတော်၏ ဆီမန်းရေမန်းလည်း ပါလာခဲ့သည်။ ရေမန်းက ထူးဆန်းသည်။ ဆီနှင့်ရေ ရောလျှင် နို့အရောင်ပြောင်းသွားပြီး အနံ့အရသာက ပဲနို့ အရသာ ဖြစ်သွားသည်။

သဘာဝအရဆိုပါက ဆီနှင့်ရေရောလျှင် ဆီကမပျော်ဝင်ဘဲ ရေပေါ်တွင် ဝေ့နေတတ်၏။ ယခုသည်သို့မဟုတ်။ ဘယ်လိုရောရော ဆီနှင့်ရေ ရောသည်နှင့် ပဲနို့အရောင်၊ ပဲနို့အရသာဖြစ်နေသည်။ ရေက မယ်တော်ရေဟုသိရပြီး ဆီက ပရိတ်ပဋာန်းများဖြင့် ထုံမွမ်းထားသော ပရိတ်ဆီဟု သိရသည်။

ဆရာတော်က အဆိုပါရေမန်းဆီဖြင့် ကုသသဖြင့် ရောဂါရှင်ပေါင်း များစွာ ပျောက်ကင်းသက်သာနေကြောင်း ယခုပရိတ်ဆီကို ကျွန်တော့် အတွက် ယူလာခြင်းဖြစ်ကြောင်း၊ ဆရာတော်ထံ အရောက်သွားပြီး ဆေး ကုသမှုခံယူစေချင်ကြောင်း ဒေါ်ယဉ်မေဦးက တိုက်တွန်းသည်။

ရေနစ်နေသူအတွက် ကောက်ရိုးတစ်မျှင်သည် ကြီးမားသောအား ကိုးအားထားရာတစ်ခုဖြစ်၏။ ဝေဒနာလက်တွေ့ခံစားနေရသော ကျွန် တော်သည်လည်း ကောင်းနိုးရာရာဆေးမှန်သမျှ မီှဝဲချင်သည်။ သည်တော့ ဆရာတော်ရှိရာ မန္တလေးကို သွားချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ပေါ် လာသည့်အတိုင်း မန္တလေးခရီးစဉ်စခဲ့သည်။

ခါတိုင်းခရီးသွားလျှင် တပည့်ကျော်ချွန်ရှုပ်အမြဲပါသည်။ ယခု ချွန် ရှုပ်က မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေ ကူညီနိုင်ရေးအတွက် ပရ ဟိတအလုပ်များဖြင့် အလုပ်ရှုပ်နေသဖြင့် ကျွန်တော်နှင့် မလိုက်နိုင်ခဲ့။

ကျွန်တော်နှင့်အတူ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်မေ၊ သားဖြစ်သူ မောင်နေဝင်းလှိုင်နှင့် ဒေါ်ယဉ်မေဦးတို့ လိုက်ပါလာခဲ့သည်။

ဇနီးနှင့် သားဖြစ်သူက မန္တလေးရောက်ဖူးသူများမဟုတ်။ မန္တလေးက သူတို့အတွက် ဒေသစိမ်းဖြစ်နေသည်။ ဒေသစိမ်းကိုသွားရသည့်ခရီးဖြစ်၍ သက်သောင့်သက်သာသွားစေချင်သည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းသူမဟုတ်သဖြင့် သက်သောင့်သက်သာသွားလာလို့  ရသည့် ရထားဖြင့်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

မန္တလေးခရီးကို ရထားဖြင့်စတင်ခဲ့သည်။ ရထားတွေထဲတွင် လေ အိတ်ရထားက ဝန်ဆောင်မှုအပြည့်အစုံရှိသည်။ ရထားစီးရင်း ဖုန်းအား သွင်းနိုင်ရန် ဖုန်းသွင်းနိုင်သည့်နေရာများပါရှိသည်ဟု ကျွန်တော်ရေးခဲ့ဖူး သည်။

ယခုကျွန်တော်တို့စီးသည့်တွဲတွင် မပါဝင်ခဲ့။ အထက်တန်းတွဲချင်း အတူတူ ဒီတွဲမှာ ဘာကြောင့် မပါရသနည်း။

ဒီတွဲတွင် စီးသည့်ခရီးသည်က ကျွန်တော်ရေးသည့်စာသာဖတ်ဖူးလျှင် ‘ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲ’ ဆိုသည့်စကားပုံဖြင့် အထင်မှားဖွယ်ဖြစ်စေနိုင်သည်။

လေအိတ်ရထားကောင်းလွန်းလှပါသည်ဟု ချီးကျူးမိခဲ့ကာမှ ရထား က ခုတစ်မျိုး၊ တော်ကြာတစ်မျိုးဖြစ်နေပြန်သည်။

ရှိစေတော့။ ယခုခရီးအဆင်ေြပေချာေမာဖို့၊ ကင်ဆာေဝဒနာသက် သာေပျာက်ကင်းေစဖို့။

ေနာက်တစ်ပတ်ဆက်ပါဦးမည်

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here