Toyota မှ ပြည်တွင်းကားစျေးကွက်အတွင်း Vios ကားသစ်ကို စတင်ဖြန့်ဖြူးရောင်းချ

379

Toyota မှ ပြည်တွင်းကားစျေးကွက် အတွင်း Vios ကားသစ်ကို စတင် ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။

 

အဆင့်မြင့်မားပြီး ခံစားသက်ဝင်မှု အားကောင်းသော ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားသည့် Toyota Vios ကားသစ်သည် ပုံစံသစ် ရှေ့မီးကြီးများ၊ နေ့အချိန်၌လင်းသော မီးများ(DRL) အပြင် ကျစ်လျစ်လှပသော အနောက်ဘက်ပေါင်းစပ်မီးများဖြင့် ပြိုင်ကားတစ်စီးပုံစံ ပုံဖော် ထားသည်။ ဒီဇိုင်းသစ်ဖန်တီးထားသော အနောက်ဘက်ထိုင်ခုံများနှင့် ပိုမိုကျယ်ဝန်းသော ကားအတွင်းခန်းကြောင့် စီးနင်းသူများကို သက်သောင့်သက်သာ ရှိစေမည်ဖြစ်သည်။ ထို့ပြင် ကျယ်ဝန်းသော ခြေချသည့်နေရာနှင့် ထိုင်ခုံများကိုလည်း ၆ဝ:၄ဝ ခေါက်သိမ်းနိုင်သည်။ နည်းပညာမြင့်မားစွာ အသုံးပြုထားသော ဒိုင်ခွက်များကြောင့် လှပခံ့ညားနေမည်ဖြစ်ပြီး အနက်ရောင် စန္ဒရားသဏ္ဌာန် Dashboard ၊ သတင်းအချက်အလက်မျိုးစုံ ပြသပေးသော Touch Screen ဖန်သားပြင်တို့ဖြင့် အတွင်းခန်းကို အလှဆင်ထားသည်။

 

VVTI ပါရှိသော စွမ်းဆောင်ရည်မြင့်မားသည့် ၁၃ဝဝ စီစီ ဓာတ် ဆီ အင်ဂျင်ဖြစ်ပြီး လျှပ်စစ်ပါဝါ စတီယာရင်၊ CVT ဂီယာ၊ Push-start ၊ Digital Aircon များကိုလည်း တပ်ဆင်အသုံးပြုထားသည်။

 

ယာဉ်တည်ငြိမ်မှု ထိန်းချုပ်သည့်စနစ် (VSC) ၊ ကုန်းတက်များ တွင် ကူညီထိန်းချုပ်သောစနစ် (HAC) နှင့် လေအိတ်ခုနစ်လုံး တပ်ဆင်ထားသောကြောင့် ထိပ် တန်းအဆင့် လုံခြုံရေးစနစ် ရရှိမည်ဖြစ်သည်။ ထို့ပြင် ပါကင်ထိုးရာတွင် အရှေ့နှင့် အနောက်ဘက်ကို အာရုံခံပေးသည့် ကိရိယာများ၊ အလိုအလျောက် ဘရိတ်စနစ်များ၊ ဘီးများပေါ်တွင် သက်ရောက်မှုကို ထိန်းညှိပေးသည့် စနစ်များလည်း တပ်ဆင်ထားသည်။

 

Toyota Vios ကို G ဂရိတ် နှင့် J ဂရိတ် နှစ်မျိုးခွဲထားပြီး G ဂရိတ်ကို အမေရိကန်ဒေါ်လာ ၂၁,၈ဝဝ ဝန်းကျင်၊ J ဂရိတ်ကို အမေရိကန်ဒေါ်လာ ၁,၈၂ဝဝ ဝန်း ကျင်ဖြင့် ွှသပသအေ အရောင်းကိုယ် စားလှယ်များဖြစ်သည့် Toyota Aye and Son ၊ Toyota Mingalar ၊ Toyota GW Lion စသည့် Showroom များတွင် Warranty သုံးနှစ်/ကီလိုတစ်သိန်း သတ်မှတ် ၍ ရောင်းချပေးနေကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here