ရာသီဥတုအခြေအနေနှင့်အတူ ဖြစ်ပေါ်နေသည့် စီးပွားရေးအခြေအနေများကြောင့် ဝယ်လက်လာရောက်မှုနည်းနေသည့် မန္တလေးကားစျေးကွက်

  ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုများပြားနေခြင်းကြောင့် ဝယ်လက်လာရောက်မှုနည်းကာ ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေမှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရ သည်။ ''ရာသီဥတုနဲ့အပြိုင် အေးတာပေါ့၊ မြို့ပေါ်ဝယ်လက်ရော နယ်ဝယ်လက်ပါ မလာတော့ အရောင်းအဝယ်အေးသွားတယ်၊ ဝယ်လက်က တော်တော်ကိုရှားသွားတယ်၊ အရင်က စျေးကွက်ကိုဦးဆောင်တဲ့ ပွိုင့်သရီးတွေတောင် ဒီတစ်ပတ် အေးသွားတယ်''ဟု လမ်း ၆ဝ ကားဝိုင်းမှ...

ဓာတ်ဆီကားထဲသို့ ဒီဇယ်အနည်းငယ် ထည့်သွင်းစမ်းသပ်ကြည့်မည်ဆိုပါလျှင်

သင်၏ ဓာတ်ဆီကားတိုင်ကီထဲသို့ ဒီဇယ် သုံးလီတာ နှင့် ဓာတ်ဆီ ခုနစ်လီတာ ထည့်ကာ စက်နှိုးစမ်းသပ်ကြည့်စေခြင်း စိန်ခေါ်မှုတစ်ရပ်သည် စိတ်ဝင်စားစရာကောင်းသလို ရင်ထိတ်သည်းဖို ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပေလိမ့်မည်။ ဒီဇယ် ၃ဝ ရာခိုင်နှုန်းကို ဓာတ်ဆီကားတိုင်ကီအတွင်းသို့ ဖြည့်လိုက်ရခြင်းသည် သတင်းကောင်းတစ်ပုဒ်တော့ ဖြစ်မလာတန်ကောင်းရာ။ စမ်းသပ်မည့်ကားမှာ အီလက်ထရွန်းနစ်စနစ် မပါဝင်သေးသော ကာပရိုက်တာ...

စတိနံပါတ်ကားများ အရောင်းအဝယ်အေးနေခြင်းနှင့်အတူ စလစ်စျေးလည်း ကျဆင်းသွားသည့် ကားစျေးကွက်

ဆန်းသစ်အောင် ဇွန်လအတွင်း YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားဝယ်ယူအသုံးပြုခွင့်ပေးရန် စီစဉ်နေသည်ဆိုသော သတင်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြေငြာခဲ့သည့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တရုတ်နိုင်ငံက ထုတ်လုပ်သည့် လုပ်ငန်းသုံးမော်တော် ယာဉ်၊ လူစီးမော်တော်ယာဉ်များ တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းအမှားကြောင့် ကားအရောင်းအဝယ်စျေးကွက်အေးစက်သွားကြောင်း သိရသည်။ စတိကားများ အရောင်းအဝယ်ရပ်တန့်နေပြီး ပြီးခဲ့သည့်မေလက...

Jaguar Driving Dynamics

Jaguar Driving Dynamics စနစ်သည် ဗြိတိသျှထုတ် Jaguar ကားများတွင် ပါရှိသည့် Driving Dynamics ဆိုင်ရာစနစ် ဖြစ်ပြီး အကောင်းဆုံးသောမောင်းနှင်မှုကို ဖော်ဆောင်နိုင်ရန် အဓိကထောက်ပံ့ပေးသည့်စနစ်လည်း ဖြစ်သည်။ ယင်းတွင် Jaguar Drive Control ၊ Dynamic Mode နှင့်...

အိမ်သုံးကားများ၏လူသိနည်းသော လျှို့ဝှက်ချက်အချို့

စင်စစ် လျှို့ဝှက်ချက်အကြီးစားတော့ မဟုတ်သော်လည်း ယေဘုယျအားဖြင့် ကားထုတ်လုပ်သော စက်ရုံ၌သာ ပထမ ဦးစားပေးဒီဇိုင်းထုတ်လေ့ရှိပြီး ကားကြံ့ခိုင်ရေးကို ဒုတိယ၊ တတိယ ဦးစားပေးရမည့်နေရာတွင်သာ အလွယ်ထားလိုက်လေ့ရှိကြသည်။ လူအတော်များများသည် ကားအသစ်များနှင့် ၁၉၆ဝ ပြည့်နှစ် ဝန်းကျင်က ထုတ်လုပ်ခဲ့သည့် တောင့်တင်းသောကားများနှင့် အလုပ်လုပ်ပုံချင်း နှိုင်းယှဉ်လျှင် ခေတ်ပေါ် ကားသစ် ဒီဇိုင်းအလန်းလေးများက...

ကားအောက်ပိုင်းနှင့် စတီယာရင်တုန်ခါမှု ပြသာနာများ

မော်တော်ကားတစ်စီးတွင် ကားသုံးစွဲမှု အချိန်ကာလနှင့် သွားရောက်ခဲ့သော ခရီးအကွာအဝေးမိုင်များလာလျှင် အောက်ပိုင်းစနစ် ပစ္စည်းအစိတ်အပိုင်းများ၌ ချွတ်ယွင်းချက်များရှိလာမည်။ လမ်းအဆောင့်ဒဏ်များကို သက်သာစေရန်နှင့် ကားစီးရာတွင် အဆင်ပြေချောမွေ့စေရန် အောက်ပိုင်းစနစ် အစိတ်အပိုင်းများက စွမ်းဆောင်ပေးသည်။ ပွန်းစားမှုများကြောင့် ချောင်နေသော အစိတ်အပိုင်းများမှ ထူးခြားသောမြည်သံထွက်မည်၊ တုန်ခါမှုများ ဖြစ်ပေါ်လာမည်။ ထိုကဲ့သို့ မြည်သံနှင့် တုန်ခါမှုများကို...

မိုးကြိုးပစ်တဲ့အခါ အပိုင်း (၂)

မိုးကြိုးလျှပ်စီး အင်အား မိုးကြိုးပစ်ခြင်းသည် တိမ်လွှာအောက်ခြေနှင့် မြေပြင်အကြား လျှပ်စစ်ဖိအားခြားနားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မိုးကြိုးပစ်ချိန်တွင် လျှပ်စီးအင်အားသည် ပျမ်းမျှအားဖြင့် အမ်ပီယာသုံးသောင်းခန့်ရှိနေပြီး အမြင့်ဆုံးအားဖြင့် အမ်ပီယာ နှစ်သိန်းအထိပင် ဖြစ်ပေါ်လာတတ်သည်။ လျှပ်စစ် သံဂဟေဆက်ရာတွင် အသုံးပြုသော လျှပ်စီးအင်အားပမာဏမှာ နှစ်ရာအမ်ပီယာမှ လေးရာအမ်ပီယာခန့်အထိသာရှိရာ မိုးကြိုး လျှပ်စီးအင်အားပမာဏ မည်မျှကြီးမား ကြောက်မက်ဖွယ်ကောင်းသည်ကို...

၅၉ ဆိုင်ကယ်ဝိုင်း၏နေဝင်ချိန်

''တရုတ်ဆိုင်ကယ်ကုမ္ပဏီတွေက အရစ်ကျစနစ်နဲ့ကို ကုမ္ပဏီတိုင်းရောင်းနေတော့ တစ်ပတ်ရစ်ဆိုင်ကယ်တွေက မရောင်းရတော့ဘူး၊ ကြာလေ ငုတ်တုတ်မေ့လေ ဖြစ်လာပြီ၊ အခု တစ်ပတ်ရစ်ဆိုင်ကယ်ကို တော်တော်နဲ့ ရောင်းမထွက်လို့ အရစ်ကျရောင်းရတဲ့ အခြေအနေရောက်နေပြီ''ဟု ဆိုလာသူက ဆိုင်ကယ်ဝယ်/ရောင်း လုပ်သက်ရှစ်နှစ်ခန့်ရှိသူ မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဦးဖိုးစိုး။ တစ်ချိန်က ယဉ်ကျေးမှုမြို့တော်၊ စက်ဘီးမြို့တော်ဟု တင်စားခဲ့သော...

ခေတ္တရာခရီးတစ်ထောက်

ယခင်အပတ်မှအဆက် ဖုန်းထပ်ခေါ်ကြည့်မိသည်။ လူကြီးမင်းက ကန့်လန့်ခံနေသေး၏။ ကျွန်တော်တို့အားလုံး နေပူပူမှာ နဖူးချွေးစို့စပြုလာသည်။ ''ဖုန်းလဲ ဘယ်လိုမှ ခေါ်မရဘူး'' ''ကားဝင်းထဲက ဂိတ်ကိုဝင်ကြည့်ရင် ကောင်းမယ်ထင်တယ်'' ''ဒါဆိုလည်း ဝင်ကြည့်ကြတာပေါ့'' သုံးယောက်သား အထုပ်ကိုယ်စီဖြင့် ကားဝင်းထဲ ဝင်ခဲ့သည်။ ကားဝင်းထဲဝင်သည်နှင့် ပွဲစားများ ဆိုင်ကယ်ကယ်ရီများက 'ဘယ်သွားမလဲ'၊ 'ရန်ကုန်လား'၊ 'မန္တလေးလား' မေးကြသည်။ ကျွန်တော်ကားအဝေးပြေးဝင်း တော်တော်များများ ရောက်ဖူး၏။ ရန်ကုန် အောင်မဂင်္လာအဝေးပြေးဝင်း၊...

ငွေကြေးစျေးကွက်နှင့် ဆီစျေးမြင့်တက်မှုတို့ကြောင့် အင်ဂျင်ပါဝါအနိမ့်ကားလေးများသာ အရောင်းအဝယ်ဖြစ်နေသည့် မန္တလေးကားစျေးကွက်

ဂျပန် ညာမောင်းကားများ တင်သွင်းမှုမရသည့်အပြင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးစျေးကွက်မြင့်တက်မှုနှင့် စက်သုံးဆီစျေးမြင့်တက်မှုတို့ကြောင့် အင်ဂျင်ပါဝါသေးသည့်ကားများကို ရွေးချယ်အသုံးပြုမှုများလာ၍ ပွိုင့်သရီးကားလေးများနှင့် ၆၆ဝ စီစီ မီနီထရပ်(ခွေးဘီလူး)ကားလေးများ စျေးနှုန်းမြင့်တက်လာကြောင်း မန္တလေးကားစျေးကွက်အတွင်းရှိ ကား ဝယ်/ရောင်းများထံမှ သိရသည်။ လက်ရှိ မန္တလေးကားစျေးကွက်တွင်လည်း ပွိုင့်သရီးနှင့် ခွေးဘီလူးကားလေးများသာ ဦးဆောင်လျက်ရှိပြီး ပွိုင့်သရီး ကားတစ်စီးလျှင်...