Bonded Warehouse တည်ဆောက်ခွင့်နှင့် အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ ထုတ်ပြန်ပေးမည်

324

Bonded Warehouse တည်ဆောက်ခွင့်နှင့် အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။

 

ဆိပ်ကမ်းထားသိုခနှင့် ဒဏ်ကြေးများသက်သာရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များကို Bonded Warehouse များ တည်ဆောက်ခွင့်ပြုသွားမည်ဖြစ်ပြီး တည်ဆောက်ခွင့်နှင့် အသုံးပြုရာတွင် လိုက်နာရမည့်အချက်များကို ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၏ နည်းဥပဒေတစ်ခုအဖြစ် ကြေညာသွားမည် ဖြစ်သည်။

 

” Bonded Warehouse ဆိုတာ မော်တော်ကားအပါအဝင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆိပ်ကမ်းမှာထားရှိလို့ရတဲ့ ကုန်ပစ္စည်း သိုလှောင်ရုံတစ်ခု ဖြစ်ပါတယ်၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို မကြာခင်မှာ တည်ဆောက်အသုံးပြုဖို့ ခွင့်ပြုမှာပါ၊ Bonded Warehouse မှာ ကုန်ပစ္စည်းထားတာနဲ့ ဆိပ်ကမ်းမှာထားတာနဲ့က ဘာကွာသလဲဆိုရင် ဆိပ်ကမ်းထားသိုခ သက်သာပြီး ကုန်ပိုင်ရှင်ကြိုက်တဲ့အချိန်မှာ ထုတ်ယူနိုင်တယ်၊ ပြန်ပြီးတင်ပို့နိုင်တယ်၊ အရင်လို ဆိပ်ကမ်းရက်လွန် ဒဏ်ကြေးလည်း ပေးစရာမလိုဘူး၊ တည်ဆောက်လုပ်ကိုင်ခွင့်နဲ့ အသုံးပြုသူ လိုက်နာရမယ့်အချက်တွေကို  ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေရဲ့ နည်းဥပဒေရဲ့ ကြေညာချက်တစ်ခုအနေနဲ့ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

Bonded Warehouse တည်ဆောက်လုပ်ကိုင်ခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်ပြီး လက်ရှိတွင် ရှေ့နေရုံးချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်၍ ယခုနှစ်အတွင်းစတင် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here