1st Myanmar International Motor Show 2018 ကို လာမည့် မေလမှသာ ကျင်းပပြုလုပ်တော့မည်

153

1st Myanmar International Motor Show 2018 ကို လာမည့် မေလမှသာ ကျင်းပပြုလုပ်တော့ မည်ဖြစ်ကြောင်း တရားဝင် အသိ အမှတ်ပြု မော်တော်ယာဉ်ဖြန့်ဖြူး ရောင်းချသူများအသင်း(AADA) မှ သိရသည်။

 

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာအဆင့်မီ ကားသစ်အရောင်းပြပွဲကို မူလက ဇန်နဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ရန် လျာထားသော်လည်း စျေးကွက်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလအတွင်း ထုတ်ပြန်ဖွယ်ရှိသည့် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးရေးကို စောင့်ဆိုင်းမည် ဖြစ်သောကြောင့် လာမည့် မေလမှသာ ကျင်းပပြုလုပ်တော့မည် ဖြစ်ကြောင်း သိရသည်။

 

” 1st Myanmar International Motor Show 2018 ကို ဒီလအတွင်း ကျင်းပပြုလုပ်ဖို့ လျာထားပေမဲ့ စျေးကွက်အခြေအနေနဲ့ မူဝါဒအပြောင်းအလဲကို စောင့်ကြည့်ဖို့အတွက် မေလမှသာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်၊ ပြပွဲမှာ ကားအမှတ်တံဆိပ် တစ်ခုချင်းစီရဲ့ ဆန်းသစ်တဲ့အရာတွေ၊ အနာဂတ် မှာထုတ်မယ့် Concept ကားတွေ အကြောင်းကိုလည်း သိခွင့်ရမှာ ဖြစ်ပါတယ်၊ ဒီလိုအရေးကြီးတဲ့ ပြပွဲဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ Motor Show ပြပွဲတွေမှာ နှစ်ပေါင်းသုံးဆယ်ကျော် အတွေ့အကြုံရှိတဲ့ Organizer ကိုရွေးချယ်ပြီး ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်”ဟု ‘ AADA အသင်း’ဥက္ကဌ ဦးအောင်ဝင်းက ဆိုသည်။

 

ယင်းပြပွဲတွင် ပြည်တွင်း၊ ပြည်ပထုတ် Brand New ကားများ ဝင်ရောက်ပြသမည်ဖြစ်ပြီး အိမ်စီးနှင့် လုပ်ငန်းသုံး ကားသစ်များကိုအရစ်ကျရောင်းချပေးခြင်းများ၊ ကားစမ်းသပ်မောင်းနှင်ခြင်းနှင့်မော်တော်ယာဉ်နှင့်ဆက်စပ်သည့် အပိုပစ္စည်းများ၊ စက်ဆီ/စက်ချောဆီများလည်း ပါဝင်ပြသရောင်းချမည် ဖြစ်ပြီး Thuwanabumi Event Park တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here