၁၉ ပေါင်တန် အရေးပေါ်သုံး ကားဆီးစွန့်ပိုက်အမေရိကန် အင်ဂျင်နီယာတစ်ဦး တီထွင်

368

ကားထဲမှမထွက်ဘဲ ကားအတွင်း ခန်းထဲတွင်ထိုင်၍ ဆီးသွားချင် သူများအတွက် အရေးပေါ်သုံး ပလတ်စတစ် ကားဆီးစွန့်ပိုက် တစ်မျိုးကို နယူးယော့ခ်မြို့မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Eric Bert က တီထွင်ခဲ့ကြောင်းThe Sun သတင်းဌာနက ဇန်နဝါရီ ၉ ရက်တွင် ရေးသားဖော်ပြခဲ့ သည်။

Car Pool ဟု အမည်ပေးထားသည့် ယင်းဆလင်ဒါပုံ ဆီးစွန့်ပိုက်မှာ ဆန့်ထုတ်လို့ရပြီး မည်သည့် ရေဘူးမျိုးနှင့်မဆို ချိတ်ဆက် အသုံးပြု၍ရကြောင်း သိရသည်။ ဖိတ်စဉ်မှုမရှိဘဲ အသုံးပြုနိုင်သည့် ဆီးစွန့်ပိုက်၏အရှည်မှာ ၁၈ လက်မအထိ ဆန့်ထုတ်နိုင်ပြီး ရေဘူးအဖုံး တွင် ရေလုံအောင် ကျပ်ရသည့် ခေါင်းလည်း ပါဝင်သည်။ ယာဉ် ကြောပိတ်ဆို့နေချိန်တွင် မထိန်း သိမ်းနိုင်လောက်အောင် အရေး ပေါ် ဆီးသွားချင်သူများအတွက် ယခုတီထွင်မှုက စိတ်သက်သာ ရာရစေပြီး လွယ်လွယ်ကူကူ လုံလုံခြုံခြုံ အသုံးပြုနိုင်မည်ဖြစ် သည်။ ကားရပ်၍ သစ်ပင်နောက် ကွယ်၊ သို့မဟုတ် လမ်းကြားများ ထဲတွင် အပေါ့သွားရခြင်းမျိုးမှ ကင်းဝေးသွားမည်ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် အင်ဂျင်နီယာ Bert က ”အပေါ့သွားစရာ နေ ရာမရှိတဲ့ ပေပေါင်းရာချီမြင့်တဲ့ တံတားတစ်ခုအပေါ် ရောက်နေ ချိန်မှာ ဒီအကြံကို ရခဲ့တာပါ၊ ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်စေ မယ့်အရာတစ်ခု ဖန်တီးဖို့ အလုပ် ကထွက်ခဲ့ပြီး Car Pool ကို စလုပ်ခဲ့တာပါ၊ အပြီးသတ် ဒီဇိုင်း ရဖို့ အချိန် အတော်ယူခဲ့ရပြီး ကုန်ကြမ်းတွေ ရှာခဲ့ရတယ်” ဟုပြောသည်။

Bert သည် Car Pool ကို ပြုလုပ်ရန် ရန်ပုံငွေရှာဖွေစု ဆောင်းခဲ့ရပြီး ပေါင်စတာလင် ၁၂,ဝ၀ဝ ကျော် ရရှိခဲ့သည်။ တန်ဖိုး ၁၉ ပေါင်ခန့်ရှိမည့် Car Pool ကို ယခုနှစ်၊ မတ်လတွင် ထုတ်လုပ်ရောင်းချနိုင်ရန် မျှော် လင့်ထားကြောင်းလည်း သိရ သည်။

Ref:The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here